အ.ထ.က(ကော့မှူး)ကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကော့မှူး ဇူလိုင် ၁၁

ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များအစဉ်အမြဲသတိရရှိစေရန်ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းအ.ထ.က (ကော့မှူး)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင်အ.ထ.က(ကော့မှူး)ကျောင်းမှ‌ ကျောင်းအုပ်ဆရာမကြီးဒေါ်လှလှအေးက ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား‌ပြောကြားခဲ့သည်။ ဆက်လက်၍အ.ထ.က(ကော့မှူး)ကျောင်းမှ အထက်တန်းပြဆရာမဒေါ်ခင်ချိုလွင်က အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိအောင်နေ့မအားညမနားကြိုးပမ်းဆောင်ရွက်မှုများ၊‌ ကျောင်းသား/ကျောင်းသူ လူငယ်များအ‌နေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကိုမမေ့ကြရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများအသက်ပေးခဲ့ရသည့် လွတ်လပ်ရေးကိုအစဉ်အမြဲတည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရန်၊ လူငယ်များအနေဖြင့်နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသိရှိရှိ၊ စေတနာရှိရှိဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် အာဇာနည်ကြီးများ၏အထ္ထုပ္ပတ္တိအကြောင်းအရာအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံများအား ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲသို့  အ.ထ.က(ကော့မှူး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူ(၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)