သန်လျင်ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇူလိုင် ၁၁

သန်လျင်ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစီအစဥ်အရ သန်လျင်ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ(ကိုယ်စား) ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့-အဖွဲ့ဝင်(၂) ဦးအောင်မြင့်က ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပေးပြီးဖြစ်ကြောင်း ကလေးသူငယ်များအား ဥပဒေအရကာကွယ်စောင့်ရှောက်ထားပြီးဖြစ်၍ အခွင့်အရေးများအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင်ကကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသော ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဝင်များက ရှေ့လုပ်ငန်းစဥ်များ ဆွေးနွေးအကြံပြုကြပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်ဆက်)