နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ၌ မိုးပဲတီစိမ်းစံပြကွက်ဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲနှင့် ပညာပေးဗီနိုင်းပိုစတာ စိုက်ထူပညာပေးလုပ်ငန်းများ ဆောင်ရွက်

နတ်မောက် ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးပဲတီစိမ်းစံပြကွက် ဖြစ်ထွန်းမှုကွင်း သရုပ်ပြပွဲနှင့် ပညာပေးဗီနိုင်းပိုစတာ စိုက်ထူပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့ လယ်ပိုင်းအချိန်က ဘုန်းတော်ပြည့်ကျေးရွာ ကွင်းအမှတ် (၁၂၀၀) တောင်သူဦးနိုင်ဝင်း (၂) ဧက ပဲတီစိမ်းစိုက်ကွင်းတွင် ဆောင်ရွက်သည်။

အဆိုပါ ပဲတီစိမ်းစံပြကွက်ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ရက် (၁၀၀) အတွင်းအဓိကသီးနှံ( ၁၄)မျိုးးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လျာထားသက်မှတ် ဆောင်ရွက်လျက်ရှိရာ မိုးပဲတီစိမ်းတစ်ဧကပန်းတိုင် (၂၀) တင်းနှုန်းထွက်ရှိရေးအတွက် ပဲတီစိမ်းအထွက်နှုန်းတိုးတက်ရေးလုပ်ငန်းများကို စံပြကွက်များ စိုက်ပျိုးပြသပြီးတောင်သူများ သိရှိလိုက်နာစေရေးအတွက် လက်တွေ့လေ့လာနိုင်စေရန် ပဲတီစိမ်းအထွက်နှုန်း တိုးတက်ရေးစံပြကွက် (၁၀) ဧက တောင်သူပညာပေးကွင်းသရုပ်ပြပွဲနှင့် ဗီနိုင်းပိုစတာများ ရှင်းလင်းပြသသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း