‎မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင် ‌ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းအမှတ်(၁)၊(၂)မှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

မဟာအောင်မြေ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းအမှတ် (၁)၊(၂)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ၍ ရပ်ကွက်နေ ပြည်သူများက စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းအမှတ်(၁)မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်းများအား မဟာအောင်မြေမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများက သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြပြီး နိုင်ငံ့တာဝန်များကို တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော နိုင်ငံ့သားကောင်း ၅ ဦးအား ဂုဏ်ပြုဆုငွေနှင့်ဆန်၊ဆီများအား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း