မင်းဘူး ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံတော်ကချမှတ်ထားသောမူဝါများ၊ ဦးတည်ချက်များနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်က လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးကျော်ဇင်ဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြာသည်။
ဆက်လက်ပြီး မြို့နယ်ဥပဒေအရာရှိ ဦးဇင်ကိုမင်းနှင့် သင်တန်းနည်းပြများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် သိသင့်သိထိုက်သော ဥပဒေ၊ နည်းဥပဒေအကြောင်းအရာများနှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံပဒေဆိုင်ရာ သိကောင်းစရာဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း၊ မြို့နယ်ဥပဒေရုံးက ကြီးမှူးဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT) သင်တန်းကို ဇူလိုင် ၆ ရက်မှ ၇ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)