လမ်းမတော် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပညာထွန်းလင်းကိုယ်ပိုင်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုများကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ဟိန်းဦး (သွားကျန်းမာ)နှင့် ကျန်းမာရေးဝန်ထမ်းများမှ ပညာထွန်းလင်းကိုယ်ပိုင်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအကြောင်း ဟောပြောခြင်း၊ အစာအုပ်စု (၅) အုပ်စုအကြောင်း ရှင်းပြခြင်း၊ စနစ်မှန် သွားတိုက်နည်းအား သရုပ်ပြသင်ကြားပေးခြင်း၊ သွားနှင့် ခံတွင်းစစ်ဆေးပေးခြင်း၊ သန့်လေးသန့်ကဗျာအား သင်ကြားခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း၊ After Lunch Tooth Brushing များ ပြုလုပ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်းနှင့် ဆေးပစ္စည်းများပေအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)