ပြင်ဦးလွင်မြို့နယ်၌ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် ဇူလိုင် ၇

ဥတုရာသီ ဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည်သာယာစေရန် ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးကိုကို၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်တွဲဘက်၀န်ထမ်းများဖြင့် ၂၀၂ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် အားကစားကွင်း၀င်းတွင် ကျင်းပသည်။

ထိုသို့စိုက်ပျိုးရာတွင် သစ်ပင်စိုက်ပျိုးသူ ၀န်ထမ်းများအနေဖြင့် စိန်ပန်းပြာ ၂၅ ပင်၊ ချယ်ရီပင် ၂၅ ပင်၊ မဟော်ဂနီပင် ၂၅ ပင်၊ မယ်ဇလီပင် ၂၅ ပင် စုစုပေါင်း ပျိုးပင် ၁၀၀ ပင်အား  စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)