စေတုတ္တရာ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြခံပညာအထက်တန်းကျောင်း၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီမွန်နှင့် တက်ရောက်လာကြသည့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့၏ အမည်စာရင်းများကြေငြာကာ ကျောင်းအုပ်ဆရာမကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများပေးအပ်ခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်း၊ တက်ရောက်သူအားလုံးနိုင်ငံတော်သီချင်း စုပေါင်းသံပြိုင်သီဆိုခြင်း ကျောင်းကောင်စီအဖွဲ့ဝင်များ စီတန်းလှည့်လည်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)