သတင်းများ

ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ စာဖတ်ရှိမြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ ဓနုဖြူမြို့နယ်၌ မြစ်ရေတက်မှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2024
မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက ဓနုဖြူမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ဧရာဝတီဆိပ်ကမ်းနှင့် အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာရှိ မရမ်းချောင်းရေကင်းစခန်း တာမိုင်(၄၆/၃)တို့တွင် ဧရာဝတီမြစ်ရေတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပင်းတယမြို့နယ်တွင် ဈေးကွက်ဝင် Medicinal Marigold ပန်းများကို ဧကအများအပြားစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jul 15,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် Medicinal Marigold ပန်းမျိုးပင်များကို ကျေးရွာများရှိ တောင်ယာခြံများတွင် ဧကအများအပြား စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ၊   မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)  တို့ ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ပြုလုပ်
Jul 15,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာခင်စေတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်အား ယနေ့နံနက်(၉)နာရီအချိန် ကသံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ လောကမာန်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်တင်လှူပွဲနှင့် လွယ်တိန်ခမ်းဘိုးဘွားရိပ်သာဖွင့်ပွဲ ပြုလုပ်
Jul 15,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ လောကမာန်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်တင်လှူပွဲနှင့် လွယ်တိန်ခမ်းဘိုးဘွားရိပ်သာဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ လှူဒါန်း 
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ လာရောက်လှူဒါန်းခဲ့သည်။