သတင်းများ

မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 15,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ် လက်ပန်-နန်းခလဲကျေးရွာအုပ်စု၊ ဝင်းကြီးကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Jul 15,2024
လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီအချိန်က လက်ပန်-နန်းခလဲကျေးရွာအုပ်စု၊ ဝင်းကြီးကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံစာစောင်များပြသပွဲ ကျင်းပ
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူးများအား စာအုပ်စာစောင်များ ပိုမိုဖတ်ရှုကာ စာဖတ်ရှိန်မြှင့်မားလာစေရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံစာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အုတ်ဖိုတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့ အ.ထ.က(ပေါက်ခေါင်း)၌ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးရာသီ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ခြင်ပုန်းခြင်ကျားများ၊ ပိုးလောက်လမ်းများ ပေါက်ဖွားမှုမရှိစေရေးအတွက် အ.ထ.က(ပေါက်ခေါင်း)ကျောင်းတွင် ယမန်နေ့က ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ငှားရမ်းပေး
Jul 15,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန်  ယနေ့ နံနက် (၉) နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ကို သံတောင်ကြီးမြို့ ရပ်ကွက်(၄) ၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၌ စားအုန်းဆီများကို သက်သာ​သောစျေးနှုန်းဖြင့် ပြည်သူများထံရောင်းချပေး
Jul 15,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် ( Kaung Hlyan New Asia Co.ltd)မှ  ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယမန်နေ့ နေ့လယ်ပိုင်းကကန်သာယာရပ်ကွက် ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးဘေးစျေးဆိုင်ခန်း၌ ရောင်းချပေးခဲ့သည်။
သာပေါင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ လ္ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များ၊ ကျေးရွာများတွင် ဟောပြောပွဲများ အသိပညာပေး စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြသည်။
မိုင်းရှူးမြို့၌ (၇၇) နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်
Jul 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ကြူလွိုင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။