သံတောင်ကြီး ဇူလိုင် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာခင်စေတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်အား ယနေ့နံနက်(၉)နာရီအချိန် ကသံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် နော်အေးပုလဲက စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် လမ်းလျှောက်ထွက်မယ်၊ သိုက်မြုံမှခွာသောအခါ၊ လျှို့ဝှက်ဆန်းကြယ် လပြည့်ညဝယ်၊ ရှုမဆုံးတော့သည် စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး (Book Club) အဖွဲ့ဝင်တစ်ဦးဖြစ်သူ စောအယ်ကလိုက က စကားပြောဖို့ခလုတ်နှိပ်ပါ၊ မျှော်လင့်ချက်၊ မွေးမေမေနဲ့ကျွေးမေမေ၊ လူတန်းစားအလွှာမခြားနားစေရန်၊ ဘာကြောင့်မေ့တာလဲ၊ ရှင်သန်တိုးပွားချစ်ခြင်းတရား စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ