နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ လှူဒါန်း 

နတ်မောက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ လာရောက်လှူဒါန်းခဲ့သည်။                                    

အဆိုပါစာအုပ်စာစောင်များ လာရောက်လှူဒါန်းပေးတွင် မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လတ်လတ်ဆွေက မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုသော  စာဖတ်ပရိသတ်များအား စာအုပ်စာစောင်များ စုံလင်စွာ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ အမျိုးသမီးရေးရာမဂ္ဂဇင်း၊ မေတ္တာစမ်းရေမဂ္ဂဇင်း၊ ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ မသန်စွမ်းသူများ၏အခွင့်အရေးနည်းဥပဒေစသည့် သုတ/ရသစာအုပ်များကို လှူဒါန်းပေးခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် (ဦးစီးအရာရှိ) က လက်ခံရရှိယူခဲ့သည်။

ဆက်လက်၍ (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို ကြည့်ရှုခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/ သူများအား အစာအာဟာရအဖြစ် အချိုရည်နှင့် မုန့်များ ဝေငှပေးခဲ့သည်။

လှဝင်း