သတင်းများ

လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းသို့ ဆရာမ ဒေါ်ဇာနည်အေးမိသားစုမှ ကြက်ဆီထမင်းများ လာရောက်လှူဒါန်း
Jul 14,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို သီရိမင်္ဂလာအုဋ်ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း
Jul 14,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်(၂၉၀၀)စင်တီမီတာ၊ (၉၅.၀၀)ပေထိမြင့်တက်၍ ရေဝင်အိမ်ထောင်စုများအား မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးသက်ပိုင်ထွန်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပူးပေါင်းအဖွဲ့အစည်းများ၊ ရွှေတောင်မြို့နယ်ပရဟိတအသင်းအဖွဲ့များက ရွှေတောင်မြို့နယ်အတွင်းရှိ (ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ မင်းတဲကျွန်းအုပ်စု၊ သောင်ပြင်ကုန်းအုပ်စု)များမှ ဧရာဝတီမြစ်ရေ ယနေ့ထက်မံဝင်ရောက်သည့် အိမ်ခြေ(၉၁)၊ အိမ်ထောင်စု(၁၇၀)၊ လူဦးရေ(၄၉၈)ဦးတို့အား လူအသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများကို ဘေးလွတ်ရာရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
လှည်းကူးမြို့နယ်၊ တံခွန်တိုင်(အင်းစိန်)ကျေးရွာအုပ်စုတွင် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ
Jul 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက (စူပါနှံကောက်မျိုး) မိုးစပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို တံခွန်တိုင်(အင်းစိန်)ကျေးရွာအုပ်စု ကွင်းအမှတ် (သမင်းတက်ခွက်မကွင်း)၊  အမှတ် ၇ လမ်းမဘေး တောင်သူ ဦးလှမြင့်ဦး၏ လယ်မြေ(၇)ဧကပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုကမ်းစားမှုသက်သာစေရန် ဆောင်ရွက်
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်လွန်ဆေးမြိုင်ပန်းခြံအနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိသောနေရာအား ကမ်းပြိုကမ်းစားမှုသက်သာစေရန် ယနေ့ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးတင်အေး အင်္ဂပူမြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးတင်အေးသည် ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းခုနစ်ကျောင်း ထပ်မံယာယီပိတ်ထား
Jul 14,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း ခုနစ်ကျောင်း၌ မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ဇူလိုင်လ ၁၂ ရက်မှစတင်ပြီး ထပ်မံယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရှမ်းတဲကြီးကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦသစ်တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ
Jul 14,2024
နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီးကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါစာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလွတ်တန်း ပန်းချီပြိုင်ပွဲ ကျင်းပ
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် မြို့နယ်ပန်းချီချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အလွတ်တန်း ပန်းချီပြိုင်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။