သတင်းများ

မိုင်းရှူးမြို့၌ (၇၇) နှစ်မြောက် အာဇာနည်‌နေ့ အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်
Jul 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ကြူလွိုင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဖြင့်ဆောင်ရွက်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သော လူသုံးကုန်လုပ်မှုနည်းပညာ သင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 15,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ် ၃ ရပ်ကွက် ရှိ စာပန်းခင်းစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ဇူလိုင် ၁၃ ရက်နေ့ နံနက်(၇)နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ် (abate) ဆေးခပ်​​ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
မြောင်းမြမြို့နယ်၌ ဌာနဆိုင်ရာများအား ကိုဗစ် ၁၉ ရောဂါ (Pfizer)ကာကွယ်ဆေး ထိုး‌နှံပေး
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက် ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၁၂)ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး၌ ပန်းခင်းစီမံချက်-၃ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဇူလိုင် ၁၃ နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိသည်။
ဟင်္သာတမြို့နယ် အုတ်ပုံကျေးရွာအထက်တန်း ကျောင်း(ခွဲ) တွင် စာဖတ်ရှိန်မြှင့်တင်ရေး နှင့်နယ်လှည့်အသိ ပညာပေးဟောပြောပွဲ၊နံရံကပ်စာ‌စောင်ပြပွဲကျင်းပ
Jul 15,2024
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့် အသိပညာပေး ၊နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ “စွန့်ပစ်အမှိုက်ညစ်ညမ်းမှုပြဿနာများနှင့် တစ်ခါသုံးပလတ်စတစ်အန္တရာယ်” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် “စွန့်ပစ်အမှိုက်ညစ်ညမ်းမှုပြဿနာများနှင့် တစ်ခါသုံးပလ်စတစ်အန္တရာယ်” အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ဇူလိုင် ၁၂ နေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။