သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါး စံကွက်ရိတ်သိမ်းပွဲနှင့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် သွင်းအားစုများပေးအပ်ခြင်း အခမ်းအနားတက်ရာက်
Jul 14,2024
၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် သွင်းအားစုများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာ တောင်သူဦးကျော်ဇောလင်း၏ GW- 11 ဧက ၅၀၀ စိုက်ခင်းအနီးရှိ ရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 14,2024
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ အရေးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဇလွန်မြို့နယ်တွင် ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဆန်တန်းရပ်ကွက် ကျီးပင်ဆိပ်တွင် ပြုလုပ်ခဲ့သည်။
ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများမှ ဥပဒေအရာရှိများတွေ့ဆုံပွဲ တက်ရောက်
Jul 14,2024
ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဥပဒေအရာရှိများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိတ္ထီလာမြို့မဈေးကြီးအတွင်း အသားရုံများ၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးမှုအား ကြည့်ရှုစစ်ဆေး
Jul 14,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း အသားရုံများ၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးနေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ပြည်မြို့၌ ခေတ္တရာမိခင်နှင့်ကလေးစောင့်ရှောက်အသင်း မူကြိုကျောင်း ဖွင့်လှစ်
Jul 14,2024
ပြည်မြို့၊ ခေတ္တရာရပ်ကွက်ရှိ ခေတ္တရာမိခင်နှင့်ကလေးစောင့်ရှောက်အသင်း မူကြိုကျောင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
မြင်းခြံမြို့၌ ရေဘေးသင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေးခြင်း ဆောင်ရွက်
Jul 14,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ‌ရေဘေးသင့် အိမ်ထောင်စုများအား ကူညီပြောင်းရွှေ့ပေးခြင်းကို ယမန်နေ့ ညနေအချိန်မှစ၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်တော်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jul 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်တော်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။