ဆင်ပေါင်ဝဲမြို့နယ် သာယာမိုးရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စုများအား အစားအသောက်များထောက်ပံ့

ဆင်ပေါင်ဝဲ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သာယာမိုးရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စုများအား ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးချန်ဖီယာန်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိဦးစစ်နိုင်ထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးဆန်းဝင်းတို့က သာယာမိုးကျေးရွာ လူဦးရေ(၁၅)ဦးတို့အတွက် ဆန်နှင့်ကြက်ဥတို့အား ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)