မိုင်းခုတ်မြို့၊ မြို့မဈေးရုံတည်ဆောက်ရန် ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဆတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခုတ်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် မြို့မဈေးရုံတည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေကို မိုင်းဆတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းခုတ်မြို့စည်ပင်သာယာရေးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ်သိန်း (၁၅၀) ဖြင့် အလျား (၅၀) ပေ၊ အနံ (၁၅) ပေ၊ အမြင့် (၁၂) ပေ မြို့မဈေးရုံ တည်ဆောက်ရန်အတွက် မြေနေရာရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို မိုင်းဆတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန် မိုင်းခုတ်မြို့စည်ပင်သာယာရေးဌာနတာဝန်ခံ ဦးတိုးဇော်ထွန်း၊ တာဝန်ခံအင်ဂျင်နီယာ ဦးညီညီလှိုင်တို့က လိုက်လံရှင်းလင်းပြသပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)