ဒေးဒရဲမြို့၌ မိုးရာသီကာလဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလတွင်ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစားအစာများ ရောင်းချနိုင်ရန်နှင့် နေအိမ်များတွင် ယင်လုံအိမ်သာများ ဆောက်လုပ်သုံးစွဲမှု ရှိ၊ မရှိ  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များနှင့် အစားအစာရောင်းချသည့် ဆိုင်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အစားအစာများရောင်းချရာတွင် သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွှတ်မျှတသည့်  အစားအသောက်များ ရောင်းချနိုင်ရေး ဆွေးနွေးမှာကြားခြင်းနှင့် ရပ်ကွက်များသို့ ကွင်းဆင်း၍ နေအိမ်များတွင် ယင်လုံအိမ်သာအသုံးပြုသုံးစွဲမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအား  မိုးရာသီကာလတွင်ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်သည့် အခြေအနေများ၊ ရောဂါပိုးကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း