နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင် အိမ်မဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံမှ ချေးငွေရယူဆောင်ရွက်သည့်တောင်သူများနှင့်တွေ့ဆုံ၍ ဓာတ်မြေသြဇာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

အိမ်မဲ ဇူလိုင် ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ် ကွင်းယားတံခွန်တိုင်ကျေးရွာအုပ်စုတွင် ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံမှ ချေးငွေရယူဆောင်ရွက်သည့်တောင်သူများနှင့်တွေ့ဆုံ၍ ဓာတ်မြေသြဇာပေးအပ်ပွဲအခမ်းအနားသို့ ယနေ့နံနက် ၁၁ နာရီအချိန်တွင် တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က အမှာစကားပြောကြားရာ၌ စပါးအထွက်နှုန်းတိုးတက်စေရန်အတွက် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရန်အတွက် သဘာဝမြေသြဇာ (သစ်စိမ်းမြေသြဇာ)ပိုက်ဆံလျှော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဦးဆောင်မှုနှင့်အတူ ဧရာဝတီတိုင်းတစ်တိုင်းလုံးမှ တာဝန်ရှိသူများညီညီညွတ်ညွတ်ဆောင်ရွက်ကြရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားရာ၌ ပိုက်ဆံလျှော်မြေမြုပ်စိုက်ပျိုးခြင်းအားဖြင့် တောင်သူလယ်သမားများအနေနှင့် ဓာတ်မြေသြဇာသုံးစွဲမှုအားလျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိမြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှုလျော့နည်းစေကာ မြေဆီလွှာ၏ချဥ်ငံဓာတ်ကိုလည်း ထိန်းညှိပေးခြင်းကြောင့် ပိုမိုစိုက်ပျိုးသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်တို့မှ နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်သော အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများအား သွင်းအားစုများအသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများက ပိုက်ဆံလျှော်ထယ်ထိုးမြေမြုပ်ခြင်း၊ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ အစေ့ချကိရိယာ (Seeder)ဖြင့်စိုက်ပျိုးခြင်းနှင့် ကြိုးတန်းလက်စိုက် စိုက်ပျိုးခြင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြောင်းမြခရိုင်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့များ ၊ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့များ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ)