လှည်းကူး ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကျောက်အိုင်-ကြာကန်စုလမ်း လမ်းဘေးဝဲ/ယာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်အိုင်-ကြာကန်စုလမ်း လမ်းဘေး ဝဲ/ယာတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်ဇော်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နီလာစိန်နှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသနေပြည်သူများတို့က မန်ဂျန်ရှား (၃၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)