ပြည်ထောင်စုလမ်းမကြီးပေါ် ရေကျော်မှုမဖြစ်စေရန် Box /Pipe Culvert အဝင်/အထွက် အမှိုက်ပိတ်ဆို့နေမှုများရှင်းလင်း

ခမောက်ကြီး ဇူလိုင် ၁၄

မိုးရာသီကာလအတွင်း မိုးရွာ‌သွန်းမှုများခြင်း၊ တောင်ကျရေများစီးဆင်းခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက်  ခမောက်ကြီးမြို့လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက Box /Pipe Culvert  အဝင်/အထွက်ပိတ်ဆို့နေသော ခြုံ၊ နွယ်၊ အမှိုက်များအား ရှင်းလင်းဖယ်ရှားခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့လမ်းဦးစီးဌာနမှ ဦးစီးမှူးဦးအောင်ကိုလတ် ဦးဆောင်သောအဖွဲ့တို့သည် ခမောက်ကြီးမြို့နယ်နိမိတ်(ကော့သောင်း- ခမောက်ကြီး)အစပ်နှင့် (ကရသူရိ-ခမောက်ကြီး)အစပ် 1096.896km – km1142.742km အတွင်းရှိ Box/Pipe Culvert အဝင်/အထွက် ရေစီး‌ရေလာကောင်းမွန်စေရန်၊ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရေကျော်ဝင်ရောက်‌မှုမရှိစေရန်အတွက် Box/Pipe Culvert များအတွင်း အမှိုက်သရိုက်များ ဖယ်ရှားခြင်း၊ အဝင်အထွက်အပေါက်များခြုံနွယ်၊ ပိတ်‌ပေါင်းများပိတ်ဆို့နေမှုများရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခမောက်ကြီး (ပြန်/ဆက်)