ပျဉ်းမနား ဇူလိုင် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွာနာ၊ လျှာနာ ရောဂါသည် ကျွဲ၊ နွားများတွင် ရာသီမရွေးဖြစ်ပွားလေ့ရှိသည့်အတွက် လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်စေသောကြောင့် မြို့နယ်အတွင်း ကျေးရွာတွေမှာရှိသော ကျွဲ၊ နွားများကို ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် လဲလူးအိုင်ကျေးရွာအတွင်းရှိ ကျွဲ၊ နွား များအား ခွာနာ၊ လျှာနာရောဂါကာကွယဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
မျိုးသီဟ(ပြန်/ဆက်)