မော်လမြိုင်ကျွန်းမြို့ ကွမ်းခြံကုန်းကျေးရွာတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း ဆောင်ရွက်

မော်လမြိုင်ကျွန်း ဇူလိုင် ၁၄  

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊‌ မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံကုန်းကျေးရွာတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ‌ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကွမ်းခြံကုန်းကျေးရွာတွင် ကျင်းပဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကျေးရွာတွင် နယ်လှည့်ဟောပြောပွဲပြုလုပ်ရာ၌ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်နုနုအေးက စာဖတ်ခြင်း၏အကျိုး ကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်အဖြစ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး  အသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ဒေသခံများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး မြို့နယ် (၁၆) ကုတင်ဆံ့ တိုင်းရင်း‌ဆေးရုံအုပ် ဒေါ်မိုးမိုးအေးက ကျန်းမာရေးပညာပေးသိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာ/ဆရာမများက ဒေသခံပြည်သူများအား အခမဲ့ဆေးကုသခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)