မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

မောက်မယ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းလီမိတက်၏သဘာပတိ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်တို့က အမှာစကားပြောကြားပြီး မောက်မယ်မြို့နယ်အမှုဆောင်အဖွဲ့မှ ငွေလမင်းအစိုးရ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ် အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ရာ အသင်းသူအသင်းသားများအားလုံးက အတည်ပြုလက်ခံကြပြီး လစ်လပ်သွားသောအမှုဆောင်(၁)ဦးနှင့် အသင်းသားစာရင်းစစ် (၁)ဦးတို့ကို အစားထိုးရွေးချယ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသင်းသား/အသင်း သူများ၏ စုဆောင်းငွေကျပ် (၁၀)သိန်းနှင့်အထက် စုဆောင်းငွေရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီး အသင်းသား/အသင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)