မြန်အောင် ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်လွန်ဆေးမြိုင်ပန်းခြံအနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိသောနေရာအား ကမ်းပြိုကမ်းစားမှုသက်သာစေရန် ယနေ့ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကမ်းပြိုကမ်းစားမှုသက်သာစေရန် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်ကြီးကြပ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့များပူးပေါင်း၍ မြစ်ကမ်းဘေးရှိသစ်ပင်ကြီးများ၏ အကိုင်းများခုတ်ထွင်ခြင်း၊ ရေပေါ်လွှဲတန်းများပြုလုပ်ခြင်း၊ ရေတောင်မွေ့ချခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)