စလင်း ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မြောက်ရှားတောကျေးရွာအုပ်စုနှင့် မြေနိမ့်ပိုင်းနေရာများအား ဧရာဝတီမြစ်ရေဝင်ရောက်မှုမရှိစေရန်ကြိုတင်၍ စလင်းမြို့နယ်မီးသတ်ဦးစီးမှူးဦးဝင်းဗိုလ်နှင့်တပ်ဖွဲ့ဝင်များ ဆင်ဖြူကျွန်းမြို့နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများစုပေါင်းတာဘောင်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဆင်ဖြူကျွန်းမြို့နယ်အတွင်းရှိ မြောက်ရှားတောကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဧရာဝတီမြစ်ရေဝင်ရေဝင်ရောက်မှုမရှိစေရန်နှင့် ရေဝင်မှုအနည်းဆုံးဖြစ်စေရန် စလင်းမြို့နယ်မီးသတ်ဦးစီးမှူးဦးဝင်းဗိုလ်နှင့်တပ်ဖွဲ့ဝင်များ ဆင်ဖြူကျွန်းမြို့နယ် နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အဆိုပါကျေးရွာမှ အမျိုးသား၊ အမျိုးသမီးများ၊ သာယာကုန်း၊ မင်းကုန်း၊ စိတ္တု၊ အေးစုမကျီးတောကျေးရွာမှပြည်သူများ အင်အား(၄၀၀)ကျော်ဖြင့် ဧရာဝတီမြစ်ရေဘေးအန္တရာယ်အား စုပေါင်း(တာဘောင်)ပြုလုပ်ဆောင်ရွက်နေသူများအား ပြည်သူများက မုန့်၊ ရေသန့်ဗူးများဖြင့် တိုက်ကျွေးကြကြောင်း သိရသည်။
(မောင်လွင်)စလင်း