ဝါးခယ်မ ဇူလိုင် ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော တောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများက ကြိုဆိုတွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာရှိ တောင်သူ ဦးကျော်ရွှေ၏ မိုးစပါး(ဆင်းသုခ) စိုက်ခင်း(လယ် ၄ ဧက၊ အူကျွန်းကွင်း အမှတ်-၁၀၁၅၊ ဦးပိုင်အမှတ်-၃၃/၂)တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအားတွေ့ဆုံ၍ စပါးအထွက်ကောင်းစေရေးအတွက် စပါးမျိုးကောင်းမျိုးသန့်များအား နည်းစနစ်ကျကျစိုက်ပျိုးကြရန် လမ်းညွှန်မှာကြားပြီး စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် သရုပ်ပြစိုက်ပျိုးခြင်းတို့ပြသခဲ့ကြောင်း၊ အူကျွန်းကျေးရွာနှင့် အနီးပါတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု (၃၀)အုပ်စုမှ တောင်သူ (၄၀၇)ဦး၏ လယ်မြေ (၃၅၀၀)ဧကအတွက် သွင်းအားစုများဖြစ်ကြသည့် ကောမတ်(Comet)၊ ကောမတ်ဗိုက်တာ(COMET VITA)၊ ဒိုလိုမိုက်(DOLOMITE) မြေဩဇာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်သူများတက်ရောက်ခဲ့ကြောင်း၊ ဝါးခယ်မမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူ(၃၈၁၃၁)ဦး၊ လယ်မြေ(၂၁၃၂၁၆)ဧကအနက် သွင်းအားစုများ ထုတ်ယူအသုံးပြုသည့် တောင်သူ(၁၄၇၅)ဦး၊ လယ်မြေ(၁၂၅၀၀)ဧကရှိကြောင်း သိရှိရပါသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)