တိုက်ကြီးမြို့နယ် ဧက(၂၀၀၀)မွေးမြူရေးဇုန်ရှိ သနပ်ချောင်းသဘာဝရေပြင်အတွင်းသို့  ငါးမျိုးစိုက်ထည့်

တိုက်ကြီး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီက ငါးသယံဇာတတိုးပွားလာစေရန် ရည်ရွယ်၍ ဧက(၂၀၀၀)မွေးမြူရေးဇုန်ရှိ သနပ်ချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ကြောင်း သိရသည်။

ထိုသို့  ငါးမျိုးစိုက်ထည့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဋ္ဌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ဧက(၂၀၀၀)မွေးမြူရေးဇုန်ရှိ သနပ်ချောင်းသဘာဝရေပြင်အတွင်းသို့  ၂ လက်မအရွယ် ငါးသားပေါက် ငါးမြစ်ချင်း (၁)သိန်း၊ ငါးခုံးမကြီး (၁)သိန်း၊ စုစုပေါင်း ငါးသားပေါက် (၂)သိန်းအား ငါးမျိုးစိုက်ထည့်ခဲ့သည်။

ထို့နောက် နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော အဖွဲ့သည် အဖျောက်မြို့ အဖျောက်(၄)ရပ်ကွက် ပန်းတုန်းပိတ်မြစ်ကမ်းဘေး၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုအခြေအနေ၊ မြစ်ကမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆည်မြောင်းမြစ်ကမ်းပန်းတာ ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခြင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှင်းလင်းဆောင်၌ မြစ်ကမ်းကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့အား သက်ဆိုင်ရာဌာနများမှ တင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ကြွေပုဂံချောင်းကျေးရွာအုပ်စု ကြွေပုဂံချောင်းကျေးရွာ မြစ်ကမ်းတာနှစ်လုံးကြားရှိ အိမ်ခြေ (၇၄)လုံးအား ဆည်မြောင်းနှင့်ရေအသုံးချချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ ခြံမြေကွက်များ အကွက်ရိုက်ချထားပေးပြီး ပြောင်းရွှေ့ပေးမည့်အခြေအနေနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  

စန်းကလျာခိုင် (ပြန်/ဆက်)