ပခုက္ကူမြို့၊ ရေဘေးရှောင်စခန်းများရှိ  အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့

ပခုက္ကူ  ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရေဘေးရှောင်စခန်းများရှိ ပြည်သူအိမ်ထောင်စုများအား ဌာဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်တွင် အခြေခံစားသောက်ကုန်များ ကူညီထောက်ပံ့ကြကြောင်း သိရသည်။ 

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်လျက်ရှိပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ရပ်ကွက်၊ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများထံ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ ရေဘေးရှောင်စခန်းများ၌  ကူညီပြောင်းရွှေ့နေရာချထားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆန်ရိက္ခာဖိုးနှင့် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)