ကျွန်းလှမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းလှ ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၀ နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်းက အထက (သစ်ရာမြိင်)၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  ကျွန်းလှမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဝင်းထက်သွင်နှင့်ဝန်ထမ်းများ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဘုန်းမြင့်နိုင်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် နိုင်ငံဝော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၇၄၈) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ