ချမ်းအေးသာစံ ဇူလိုင် ၇
မြန်မာ-တရုတ်ကုန်သည်များအသင်းနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့ ပူးပေါင်းကျင်းပသော စုပေါင်းသွေးလှူဒါန်းပွဲကို ချမ်းအေးသာစံမြို့နယ် ကြင်တော်ယာန်ဗုဒ္ဓဘာသာကျောင်း၌ ယနေ့ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းမှု ဆောင်ရွက်ရာတွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနီလာဝင်း ဦးဆောင်ကာ ဆရာဝန်များ၊ သူနာပြုဆရာမများက သွေးလှူရှင်များအား သွေးပေါင်ချိန်စစ်ဆေးပေးခြင်းနှင့် ကိုယ်အလေးချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သွေးလှူရှင်များအား ခွန်အားပြည့်ဝစေရန် ကြက်ဥ၊ နွားနို့နှင့် အားဖြည့်အချိုရည်များကို ပေးအပ်ခဲ့သည်။
သွေးလှူဒါန်းမှုဆောင်ရွက်ပြီးစီးခဲ့ရာ မြန်မာ-တရုတ်ကုန်သည်များအသင်း တာဝန်ခံဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းမှ သွေးအိတ်စုစုပေါင်း ၁၁၃ လုံးအားပေးအပ်လှူဒါန်းခဲ့ရာ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနီလာဝင်းမှ လက်ခံရယူခဲ့ပြီး မြန်မာ-တရုတ်ကုန်သည်များအသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)