စဉ့်ကိုင်မြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့) ကွင်းဆင်းဆောင်ရွက်

စဉ့်ကိုင် ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး-၃ ဦးရဲမင်း ဦးဆောင်သည့် ဝန်ထမ်းများက ပြည်သူများ ကျန်းမာရေးနှင့်ပတ်သက်သည့် ဗဟုသုတများ ရရှိစေရန် ယနေ့နံနက်ပိုင်းက ရန်အောင်မြင်ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ (အခမဲ့)ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိခင်နှင့်က‌လေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဝင်းပပဌေးက ပြည်သူများ အာဟာရမျှတသည့် အစားအစားများကို စားသုံးကြရန်၊ သွေးတိုးရောဂါ၊ ဆီးချို‌ရောဂါနှင့် နှလုံးရောဂါများနှင့်ပတ်သက်‌၍ ပြုမှုနေထိုင်ရမည့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူ ၆၁ ဦးအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ကာ လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)