ကံမမြို့နယ်၌ အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကံမ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့ နေ့လယ်က အခြေခံပညာအလယ်တန်းကျောင်းခွဲ(မင်းကုန်း)နှင့်ပူးပေါင်း၍ ကျောင်းသားလူငယ်များ အဓမ္မခိုင်းစေမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ပြန့်စွာသိရှိနိုင်စေရန် အဓမ္မခိုင်းစေမှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးက ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန်နှင့် အမှားအမှန်ခွဲခြားတတ်စေရန် ကျောင်းစာအပြင် ပြင်ပသုတရသစာပေများကို ဖတ်ရှု့လေ့လာကြရန်ဟောပြောခဲ့ပြီး ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်မေသော်တာနိုင်က အဓမ္မခိုင်းစေမှု၏အဓိပ္ပါယ်နှင့်အကြောင်းအရာများ၊ ကျူးလွန်သူများအတွက် ပြစ်မှုပြစ်ဒဏ်များနှင့် အဓမ္မခိုင်းစေမှုပပျောက်ရန် နည်းလမ်းများစသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)