ငါးသိုင်းချောင်းမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ငါးသိုင်းချောင်း ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း(ကုန်းပြင်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာညိုမင်းဇံသာမှ အာဇာနည် နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာခင်ဇော်နိုင် (သီတာကုန်းပြင်) မှ အာဇာနည်စိတ်ဓာတ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်၍ ကျွမ်းကျင်-၂ ဓာတ်ပုံ ဦးခင်မောင်မြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူငယ်များထားရှိရမည့် မျိုးချစ်စိတ်ဓာတ်များအကြောင်းကို ဆွေးနွေးပြောကြားကာ အ.ထ.က ကုန်းပြင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနွယ်က ယခုလိုလာရောက်ကျင်းပသည့်အတွက် ကျေးဇူတင်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှု လေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းသိမှတ်ဖွယ်ရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို ခင်းကျင်းပြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)