သတင်းများ

မြဝတီမြို့၌ သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုဖြင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်
Jul 13,2024
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား)စုဖွဲ့မှုဖြင့် သဘာဝဘေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက် ဘောလုံးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်လံမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ပြောင်းရွှေ့
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်တိုင်းတာချက်အရ မြစ်ရေအမှတ် ၂၄၉၄ စင်တီမီတာရှိပြီး၊ စိုးရိမ်ရေအမှတ် ၂၅၅၀ စင်တီမီတာဖြစ်သည့်အတွက် မြေနိမ့်ပိုင်းတွင် မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များဖြစ်သော မကျီးကုန်း၊ သရက်တော၊ တရော်ကုန်း၊ စက်ရုံရပ်ကွက်များ၏ မြေနိမ့်ပိုင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန် နှင့်စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့ ၃ နာရီက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသက်ဇော်မင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး
Jul 13,2024
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊ ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ပင်းတယ၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 13,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
လေးမျက်နှာမြို့နယ် သဘာဝဘေးအန္တရာယ် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jul 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်အဖွဲ့နှင့် လူမှုအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၅) ရပ်ကွက် စိန်အောင်မင်းဆိပ်ကမ်းတွင် သဘာဝဘေးအန္တရာယ် ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းထိုက်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးကြသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်
Jul 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ ရေမြောင်းပိတ်ဆို့ခြင်းများဖြစ်ပေါ်ကာ မြို့၏မိန်းလမ်းမကြီးမှာ ဥပဓိရုပ်ကျဆင်းခြင်းကြောင့် မြို့အဆင့်ဌာနဆိုင်ရာ၀န်ထမ်းများစုပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသခံပြည်သူများ၊ ယာဥ်ကြီးယာဥ်ငယ်များ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်စေရန် ရေလွှဲမြောင်းတူးဖော်ခြင်း၊ မြေပြိုသည့်နေရာအား ရှင်းလင်းခြင်း၊ ပျက်စီးနေသည့်လမ်းမ​ကြီးအား ပြုပြင်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သရက်မြို့၌ ရေဘေးရှောင်အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ ပေးအပ်
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားတစ်လျောက် မြစ်ရေများ ဝင်ရောက်လာသဖြင့် ရေဝင်ရောက်သည့် ပိဿလိမ်းကျေးရွာ၊ စမ်းအိုင့်ကျေးရွာ၊ ရေပေါ်ကျွန်းကျေးရွာ၊ ထုံးတောင်ကျေးရွာနှင့် အမှတ်(၅)ရပ်ကွက်တို့ရှိ အိမ်ထောင်စုများမှ ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ရေဘေးရှောင်စခန်းနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီခွဲက  နိုင်ငံတော်မှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများအား ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။