သတင်းများ

အောင်လံမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား အစားအသောက်များထောက်ပံ့
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေသည် ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန်တိုင်းတာချက်အရ မြစ်ရေအမှတ် ၂၅၀၅ စင်တီမီတာရှိပြီး စိုးရိမ်ရေအမှတ် ၂၅၀၈ စင်တီမီတာ ဖြစ်သည့်အတွက် မြေနိမ့်ပိုင်းတွင် မြစ်ရေဝင်ရောက်သည့် ရပ်ကွက်များဖြစ်သော မကျီးကုန်း၊ သရက်တော၊ တရော်ကုန်း၊ စက်ရုံရပ်ကွက်များ၏ မြေနိမ့်ပိုင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့်စိတ်အေးချမ်းစွာ နေထိုင်နိုင် ရေးအတွက် ဇူလိုင် ၁၃ ရက်နေ့က ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်မင်း ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ခဲ့ပြီး ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။
အောင်လံမြို့၌ ဧရာဝတီမြစ်ရေတက်မှုကြောင့် လူနေအိမ်များပြောင်းရွှေ့
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ရပ်ကွက်များအတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် မြစ်ရေဝင်ရောက်ဖြစ်ပွားလျက်ရှိပြီး အောင်လံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဘေးလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာယီနေရာစီစဉ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လိုက်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မော်လိုက်ခရိုင် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် ရေနစ်မြုပ်ပြီးမပြောင်းရွှေ့သည့်အိမ်များသို့ ကျန်းမာရေးစောင့်ရှောက်မှုပေး
Jul 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာရေးမှူး Drကျော်စိုးဦး ဆောင်သောအဖွဲ့သည် ဇူလိုင်လ၈ရက်နေ့မှ ယနေ့အထိ နေ့စဉ်ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် ရေနစ်မြုပ်ပြီး မပြောင်းရွှေ့သည့်အိမ်များသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရသည်၊၊
တပ်ကုန်းမြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jul 13,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများစိတ်အေးချမ်းရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ရှောက်တစ်ခင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သန့်ရှင်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်ဆင်းကြည့်ရှုစစ်ဆေး
Jul 13,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ရှိ အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက် အထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများဖြန့်ဝေ
Jul 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်‌သော အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေခြင်း၊ အသိပညာ‌ပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေလှောင်ကန်များတွင် ကလိုရင်း‌ဆေးခတ်ပေးခြင်းများ၊ အထောက်အကူပြုကျန်းမာရေးပစ္စည်းများဖြန့်ဝေခြင်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ၀‌န်ထမ်းမိသားစုလိုင်းခန်းများ၊ အ‌ခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများစသည့် ပြည်သူများစုဝေးရာနေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် မြစ်ရေဝင်ရောက်
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာများတွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။