ပင်းတယ ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ပြုလုပ်မည့်အစီအစဉ်များတွင် ပါဝင်သည့် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့်အခြေအနေများ၊ ကျောင်းစာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည့်အစီအစဉ်များနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြားပေးသည်။
ထို့နောက်တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်းနှင့် အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ပညာရေးမှူး၊ ဒုမြို့နယ်ပညာရေးမှူး၊(ထက်/လယ်/မူ/ဇုန်) ကျောင်းအုပ်ဆရာ/ ဆရာမများကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)