သတင်းများ

စစ်ကိုင်းမြို့နယ် ယာယီရေဝင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
Jul 13,2024
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ကိုင်းမြို့နယ် ယာယီရေဝင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီမှစ၍ ရေလွတ်ရာ ပြောင်းရွှေ့နေရာများသို့ လှည့်လည်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးလည်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ကြို့ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် ယမန်နေ့နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ချောက်မြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ထက် ၁၂၅စင်တီမီတာအထိ မြင့်တက်
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်၆နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ၂၂၇၅စင်တီမီတာသို့ရောက်ရှိနေပြီး ပခုက္ကူမြို့ စိုးရိမ်ရေမှတ် ၂၁၅၀စင်တီမီတာထက် ၁၂၅စင်တီမီတာအထိ ကျော်လွန်မြင့်တက်‌ဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပဲခူးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ
Jul 13,2024
ပဲခူးမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း မြရတနာလင်းခန်းမတွင် ယမန်နေ့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာသဖြင့် မြစ်ရေဝင်ရောက်သည့် ကျေးရွာများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Jul 13,2024
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေး ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စစ်ကိုင်းမြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ကျင်းပ
Jul 13,2024
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စစ်ကိုင်းမြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဓမ္မဒူတမောင်မယ် ကျောင်းဆောင်တွင် ကျင်းပပြုလုပ်သည်။
မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်(၉) နာရီခွဲကမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။