သတင်းများ

ဘီးလင်းမြို့နယ်တွင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Jul 13,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်ဖြန့်ဖြူးသူများက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ဘိုးရာဇာရပ်ကွက် မင်္ဂလာဈေးအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၌ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပြီး ယာယီပြောင်းရွှေ့နေရာချထား
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်‌ရေမှတ်ထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ မြစ်ရေဝင်ရောက်သည့် ပြည်သူအိမ်ထောင်စုများအတွက် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပြီး ယာယီပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။ 
ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအချို့တို့တွင် ရေဝင်ရောက်မှုဖြစ်ပွား
Jul 13,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ဧရာဝတီမြစ်ရေ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။
ပေါင်းတည်၌ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြော
Jul 13,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဟင်္သာကန်)တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်ရေးရာနှင့် စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အပတ်စဉ် အစည်းအဝေး ကျင်းပ
Jul 13,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ အပတ်စဉ် အစည်းအဝေး ကျင်းပပြုလုပ်သည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ သိသိသာသာမြင့်တက်လာပြီး ရေဘေးသင့်အိမ်ထောင်စုပေါင်း ၃၄၀ ကျော် ကြိုတင်ပြောင်းရွှေ့ပေးထားကာ စာသင်ကျောင်း ၃ ကျောင်း ထပ်မံပိတ်ထားရ
Jul 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ သိသိသာသာ  မြင့်တက်လာပြီး မြစ်ရေ ဆက်လက်ဝင်ရောက်မှုများကြောင့် ယမန်နေ့ နံနက်ပိုင်းက ရေဘေးသင့် အိမ်ထောင်စုပေါင်း ၃၄၀ ကျော်ကို မြို့နယ်အတွင်းရှိ ရေဘေးလွှတ်ရာ နေရာများနှင့် ယာယီကယ်ဆယ်ရေးစခန်းများရှိရာသို့ ကြိုတင်ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးထားကာ စာသင်ကျောင်း ၃ ကျောင်းကိုလည်း ထပ်မံပိတ်ထားခဲ့ရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မိုင်းယန်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်
Jul 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာအတွင်းရှိ စမ်းရေကြည်စာကြည့်တိုက်အား မြို့နယ်စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ
Jul 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက်၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။