ထန်ပါခွေ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ ရေမြောင်းပိတ်ဆို့ခြင်းများဖြစ်ပေါ်ကာ မြို့၏မိန်းလမ်းမကြီးမှာ ဥပဓိရုပ်ကျဆင်းခြင်းကြောင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ၀န်ထမ်းများစုပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသခံပြည်သူများ၊ ယာဥ်ကြီးယာဥ်ငယ်များ အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်စေရန် ရေလွှဲမြောင်းတူးဖော်ခြင်း၊ မြေပြိုသည့်နေရာအား ရှင်းလင်းခြင်း၊ ပျက်စီးနေသည့်လမ်းမကြီးအား ပြုပြင်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ထန်ပါခွေတပ်စခန်းမှ အရာရှိ၊ စစ်သည်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ၀န်ထမ်းများစုပေါင်း၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလန်(ထန်ပါခွေ)