ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအချို့တို့တွင် ရေဝင်ရောက်မှုဖြစ်ပွား

ရွှေတောင် ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ဧရာဝတီမြစ်ရေ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေတောင်မြို့နယ်အတွင်း (ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်၊ မင်းတဲကျွန်းအုပ်စုနှင့်  သောင်ပြင်ကုန်းအုပ်စု) တို့ရှိ အိမ်ခြေ ( ၂၅၉)  အိမ်ခြေ၊ အိမ်ထောင်စု (၂၆၃)  စု၊ လူဦးရေ ( ၉၂၁)  ဦးတို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူများအား ယွန်းတန်းရပ်ကွက်  အေးစေတီဘုရားဝန်း၊ မင်းတဲကျွန်းအုပ်စု ဆုတောင်းပြည့်ဘုရားဝန်းနှင့် နီးစပ်ရာဆွေးမျိုးများထံသို့ ပြောင်းရွေ့နေထိုင်စေပြီး ရေဘေးသင့်အိမ်ထောင်စုများ၏ သောက်သုံးရေ၊ စားဝတ်နေရေးအဆင်ပြေရန်အတွက် ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)