ပေါင်းတည်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အပတ်စဉ် အစည်းအဝေး ကျင်းပ

ပေါင်းတည် ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ အပတ်စဉ် အစည်းအဝေး ကျင်းပပြုလုပ်သည်။

ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ မြို့နယ်အတွင်း ဒေသဖွံဖြိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မိုးစပါးစိုက်ပျိုးမှု ပြည့်မီရေး၊ အချိန်မီ ပြီးစီးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ တည်​ဆောက်လုပ်ငန်းများ စံချိန်မီရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်ရေးတို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာများအား မှာကြားသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာများ၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)