ဘီးလင်းမြို့နယ်တွင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ဘီးလင်း ဇူလိုင် ၁၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်ဖြန့်ဖြူးသူများက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ဘိုးရာဇာရပ်ကွက် မင်္ဂလာဈေးအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အမဲသားတစ်ပိဿာ ( ၁၃၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၁၃၀၀၀) ကျပ ၊ ကြက်သားတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ဧည့်မထဆန်(၁)ပြည် (၃၀၀၀)ကျပ်ငါးမြင်းတစ်ပိဿာ (၅၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာ (၅၀၀၀)ကျပ်စသည့် စားကုန်ပစ္စည်းများအား သက်သာချောင်ချိသည့် ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှ စနစ်တကျ ဝယ်ယူအား‌ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ရောင်းချမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြိုနယ်  (ပြန်/ဆက်)