သာယာဝတီ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သာယာဝတီမြို့နယ် သင်တောရိုးကျေးရွာ သာသနာ့ဗိမာန်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ထက်မျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုလို အသက်မွေးဝမ်းကျောင်းပညာရပ် သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အိမ်တွင်းအသေးစားစက်မှု လက်မှုလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များရရှိအောင် သင်တန်းတက်ရောက်သူများအနေဖြင့် သင်တန်းအပေါ်အာရုံစိုက်ပြီး ဂရုတစိုက်လေ့လာသင်ကြားကြစေလိုကြောင်း၊ သင်တန်းမှရရှိလာမည့် နည်းစနစ်များကိုအခြေခံကာ မိမိတို့နယ်ပယ်တွင် တီထွင်ဖန်တီးမှုများနှင့်ပေါင်းစပ်၍ တစ်ပိုင်တစ်နိုင် ထုတ်လုပ်မှုမှတစ်ဆင့် စနစ်တကျမှတ်ပုံတင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားစေလိုကြောင်းပြောကြားပြီး သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဖြိုးအောင်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သင်တန်းပြီးဆုံးပါက ထူးချွန်သင်တန်းသား (၅) ဦးအား စိစစ်ရွေးချယ်၍ လုပ်ငန်းတည်ထောင်နိုင်ရန် စက်ပစ္စည်းများ ဆက်ဆပ်လုပ်ငန်းသုံးပစ္စည်းများကိုလည်းပေးအပ်သွားမည်ဖြစ်ပြီး လုပ်ငန်းထူထောင်သူ လုပ်ငန်းရှင် (၅) ဦးအား ပေါ်ထွက်အောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တောရိုကျေးရွာအုပ်စုမှ သင်တန်းသူ ၁၅ ဦးတက်ရောက်ပြီး အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၁၃ ရက်နေ့ထိ တစ်လကြာမြင့်မည်ဖြစ်ပြီး မွမ်းမံသင်တန်း (၁၅) ရက် စုစုပေါင်း ၄၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)