ခန္တီး ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ခန္တီးခရိုင်/မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကကြီးမှူး၍ ယနေ့ ဇူလိုင်လ(၆)ရက်နေ့တွင် ကျရောက် သည့်ကမ္ဘ့ာကျေးလက်ဖွံ့ဖြိုးရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာ၌ ယနေ့ နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခန္တီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးဆန်းမိုးက ပျိုးပင်များပေးအပ်ရာ ခန္တီးခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာမှတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကျွန်း(၂၀)ပင်၊ မန်ဂျန်ရှား(၁၀)ပင်၊ သစ်ပိတောက်(၂၀)ပင် စုစုပေါင်းပျိုးပင်(၅၀)ပင်ကို ရွာလမ်းဘေးတစ်လျှောက် စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)