အုတ်ဖိုမြို့၌ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

အုတ်ဖို ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲတက်ရောက်လာသည့် အေးမြသာယာအသင်းနှင့် အုတ်ဖိုအသင်းတို့က ယှည်ပြိုင်ကစားကြရာ အုတ်ဖိုအသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိ့ခဲ့ပြီး ပထမဆုကိုရရှိခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အသင်း (၃) သင်းနှင့် ထူချွန်ဆုရရှိသည့် အားကစားသမားများကို အသီးသီးဆုချီမြှင့်ခဲ့ကြောင်း သိရသည်။ အလားတူ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို စက်တင်ဘာလတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ (အုတ်ဖို)