သတင်းများ

မြစ်သားမြို့နယ် သာလွန်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် (Public Talk) ပြည်သူ့စကားဝိုင်း ကျင်းပ
Jul 07,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန်၊ မိမိတို့ရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ပြည်သူကြားတွင်ဆွေးနွေးမှုများ ရှိလာစေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၇ ရက် နံနက် ၉ နာရီက မြစ်သားမြို့နယ် သာလွန်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။  
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲစကားဝိုင်းကျင်းပ
Jul 07,2026
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)၌ ယနေ့နံနက်ပိုင်းက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲစကားဝိုင်းကျင်းပသည်။
ညောင်လေးပင်မြို့နယ် အ.ထ.က (ဇီးကုန်းကြီး) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 07,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က ဇီးကုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ဉာဏပြိုင်ပွဲများနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်
Jul 07,2026
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ဉာဏပြိုင်ပွဲများနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ‌အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ခမောက်ကြီးမြို့၌ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါစစ်ဆေး
Jul 07,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ကော့သောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခမောက်ကြီးကျေးလက်ကျန်းမာရေးဌာနခွဲမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၇ ရက်က အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများကို သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
ထားဝယ်မြို့၌ အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jul 07,2026
ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက ရက် ၁၀၀ စီမံချက်အရဆောင်ရွက်သည့် အခြေခံပညာကျောင်း ပေါင်းစုံအမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။
မှော်ဘီမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်၌ လူငယ်များစဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းနှင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်သည့် စဉ်းစားတွေးခေါ်မှုရှိများရှိသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ် ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၁) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း (အနောက်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မှော်ဘီမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 07,2026
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်၌ လူငယ်များစဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းနှင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်သည့် စဉ်းစားတွေးခေါ်မှုရှိများရှိသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ် ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ် (၁) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း (အနောက်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။