ဝါးခယ်မ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်အရ ဥပဒေရေးရာဝန်ကြီးဌာန၏လမ်းညွှန်မှုနှင့် ဧရာဝတီတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် မြောင်းမြခရိုင် ဥပဒေရုံးတို့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဝါးခယ်မမြို့နယ်ဥပဒေရုံးက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဝါးခယ်မမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အတွင်းရေးမှူး ရဲမှူးဝင်းညွန့်တို့မှ အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်ဥပဒေအရာရှိဒေါ်ပွင့်ဝေဖြိုးကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေနှင့်နည်းဥပဒေ၊ လောင်းကစားဥပဒေ၊ လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဥပဒေနှင့်နည်းဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် နည်းဥပဒေများကိုဥပဒေရေးရာ ဝန်ကြီးဌာနမှထုတ်ဝေသည့် သင်ရိုးညွှန်းတမ်းနှင့်အညီ မြို့နယ်ဥပဒေအရာရှိဒေါ်ပွင့်ဝေဖြိုးနှင့်ဒုတိယ မြို့နယ်ဥပဒေအရာရှိ ဦးသုတစိုးတို့က သင်ကြားပို့ချပေးခဲ့ကြပြီး သင်တန်းသား (၁၄၅) ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)