ပူတာအိုမြို့နယ်၊ ဂျူဗလီကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး

ပူတာအို ဇူလိုင် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒေသစိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် (၆) ရက်နံနက် (၈) နာရီခွဲက ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စု၊ ဂျူဗလီကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မေညွှန့်နှင့်ဝန်ထမ်းများ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး၊ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်၊ ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကိုထွေးနှင့် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာမျာ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အိုင်စီလဲန်းကျမ်းစာကျောင်းဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက လောက်ယား(၁၅၀)ပင်၊ သစ်အယ်(၁၀)ပင်၊ ရေပိတုန်း(၁၅၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း(၃၁၀)ပင်ကို စုပေါင်း တပျော်ပေါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)