လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းများ ထုတ်ပေး
Jul 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံး၀င်မှတ်ပုံတင်ထားသော အဏ္ဏဝါလွှမ်းကုမ္ပဏီလီမိတက်မှ အာမခံအလုပ်သမားနှင့် Xi Qi Mould Co.,Ltdမှ အာမခံအလုပ်သမားတို့အား လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုတို့အတွက် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းထုတ်ပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီခွဲ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ကျင်းပသည်။